ကျွန်ုပ်တို့အကြောင်း

Worldview International Foundation (WIF)

  • WIF သည် ပထမဆုံး ဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့ပြီး အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များကို ၄၃ နှစ်တိုင်တိုင် နိုင်ငံပေါင်း ၂၆ ခုတွင်ဆောင် ရွက်နေပါသည်။
  • ကျွန်ုပ်တို့သည် ၂၀၂၂ ခုနှစ်တွင် BeZero အဆင့်သတ်မှတ်ခြင်းအေဂျင်စီမှ ပထမဆုံးဒီရေတောပြန်လည်ထူထောင်မှုအတွက် Triple AAA အဆင့်သတ်မှတ်မှုကို ရရှိခဲ့ပါသည်။
  • 5 VERRA အပြာရောင်ကာဗွန်ပရောဂျက်များကို ၂၀၂၃ ခုနှစ်မှ စတင်ကာ အရှိန်အဟုန်ဖြင့် တိုးချဲ့လုပ်ဆောင်နေပါသည်။
  • ၂၀၂၂-၂၃ ခုနှစ်တွင် ရှင်သန်ကြီးထွားသော ဒီရေတောပင်ပေါင်း သန်း ၁၀၀ စိုက်ပျိုးနိုင်ရန် ရည်မှန်းထားသည်။
  • ရာသီဉတုခြိမ်းခြောက်မှုဒဏ်ကိုခံနေရသည့်အသိုက်အဝန်းနှင့် ရင်းနှီးမြုပ်နှံသူပါတနာများ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၅ နှစ်အတွင်း နော်ဝေးနိုင်ငံ၏ နှစ်စဉ်နှုန်းထက် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုတန်ချိန် သန်း ၅၀ လျော့ပါးသွားမည်ဖြစ်ပါသည်။

Worldview သည် အရည်အသွေးမြင့်ပြီး ကုန်ကျစရိတ်သက်သာသော Carbon footprints offsets များ ကို ပုဂ္ဂလိကပိုင်၊ အများပိုင်လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့၏ထူးခြား ချက်မှာ အသက်မွေးဝမ်းကျောင်းမှု၊ ရေရှည်တည်တံ့သော ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒီရေတောများ ပြန်လည်ထူထောင်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးဖြစ်သည်။ ၂၀၂၃  ခုနှစ်တွင် ဒီရေတောပင်ပေါင်း သန်း ၁၀၀ စိုက်ပျိုးရန် ရည်မှန်းထားပါသည်။

WIF တွင် သိပ္ပံနည်းကျ နည်းစနစ်များ၊ စရိတ်စက ပိုမိုမြင့်မားသော စိုက်ပျိုးနည်းစနစ်များ နှင့် အပင်များ၏ ရှင်သန်မှုနှုန်း ၉၆ ရာခိုင်နှုန်း စံချိန်တင်ထားပြီး ရွှံ့မြေများ၊ မြက်ခင်းများနှင့် စိုစွတ်သောမြေများတွင် စိုက်ပျိုးရာတွင်လည်း အဖိုးတန်သော အတွေ့အကြုံများကို ရရှိခဲ့ပါသည်။

မှတ်ချက်တစ်ခုခုပြု၍ ကျွန်ုပ်တို့ထံဆက်သွယ်နိုင်ပါသည်။