မေးနေကျ မေးခွန်းများ (FAQ)

သင်တန်းများအကြောင်း

၁။ အဖွဲ့လိုက်လေ့လာလို့ရပါသလား။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ အချိန်ဇုန်ကွဲပြားနေတာကြောင့် လက်ရှိမှာတော့မရသေးပါဘူး။ အချင်းချင်းသီးသန့်စကားပြောနိုင်ဖို့ စီစဉ်နေပါတယ်။ အဲဒီမှာတော့ အဖွဲ့ဝင် (သင်တန်းသား) အချင်းချင်း အတူတကွလေ့လာနှီးနှောဖလှယ်နိုင်ကြမှာဖြစ်ပါတယ်။

၂။ သင်တန်းပြီးဆုံးဖို့ အချိန်ဘယ်လောက်ကြာကြာလေ့လာရမှာပါလဲ။

ရက်အနည်းငယ် ဒါမှမဟုတ် တစ်လကနေ နှစ်လအထိ ကြာနိုင်ပါတယ်။ နေ့စဉ်လေ့လာဖြစ်သလား၊ အပတ်စဉ်လေ့လာဖြစ်သလား ဆိုတဲ့ ကိုယ့်ရဲ့အချိန်ပေးနိုင်မှုအပေါ်မှာပဲမူတည်ပါတယ်။

၃။ သင်တန်းနည်းပြ (သင်တန်းဆရာ) တွေက ဘယ်သူတွေပါလဲ။

နိုင်ငံတကာနဲ့ ပြည်တွင်း တက္ကသိုလ်အသီးသီးက ပါမောက္ခတွေ၊ ဒီရေတောအတွေ့အကြုံရှိစီမံခန့်ခွဲသူတွေဖြစ်ပါတယ်။

၄။ နောက်ထပ်သင်တန်းတွေ ရှိပါသေးလား။

ဟုတ်ကဲ့၊ အဆင့်မြင့်သင်တန်းတွေရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ အခုသင်တန်းတွေဟာ အကြီးစားဒီရေတောပြန်လည်ထူထောင်ရေးနဲ့ ထိန်းသိမ်းရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့လိုအပ်တဲ့ လမ်းညွှန်ချက်အားလုံးကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့တွေကနေ ကာဗွန်ခရစ်ဒစ် (Carbon Credits) တွေကို အာမခံနိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ နည်းစနစ်တွေကို မျှဝေပေးမှာဖြစ်ပါတယ်။ WIF ရဲ့ ၁၀ နှစ်တာစီမံကိန်းအကောင်အထည်ဖော်မှုတွေကို အခြေခံပြီး ကမ်းရိုးတန်းပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ သက်မွေးမှုလုပ်ငန်းတွေကို အကျိုးပြုစေဖို့၊ တိုးတက်စေဖို့ လုပ်ဆောင်ချက်တွေကို လမ်းညွှန်ပေးမှာဖြစ်ပါတယ်။