ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

ဒီရေတောထိန်းသိမ်းခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ

Dr. San Tha Tun, Ph.D.

ဒီရေတောပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ တက္ကသိုလ်အတော်များများတွင် နှစ်ပေါင်းများစွာသုတေသနပြုလုပ်ခြင်းအတွေ့အကြုံရှိ တက္ကသိုလ်ပါမောက္ခချုပ်ဖြစ်ပြီး အဏ္ဏဝါသိပ္ပံဌာန၏ အဓိကတာဝန်ခံတစ်ဦးလည်းဖြစ်ပါသည်။ သူသည် WIF ၏ ဒီရေတောအပင်မျိုးဗီဇဘဏ်ဆိုင်ရာ သုတေသနတာဝန်ခံလည်းဖြစ်ပါသည်။
E-mail: santhatun@worldview.foundation

Win Maung

သစ်တောသုတေသနလက်ထောင်ညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး WIF ၏ စီမံကိန်းဒါရိုက်တာတစ်ဦးလည်းဖြစ်ပါသည်။ ဒီရေတောနှင့်ပတ်သက်၍ အဓိကဆောင်ရွက်ရာတွင်နှစ်ပေါင်း ၃၀ ကျော်အတွေ့အကြုံရှိသူဖြစ်ကာ နှုန်းမြေ၊ မြက်ခင်းပြင်၊ ပျက်စီးနေသောဒီရေတော၊ ရွှံနွှံတောစသောနေရာများပေါ်တွင် ဒီရေတောစိုက်ပျိုးခြင်းနည်းလမ်းပေါင်းများစွာကိုအကောင်အထည်ဖော်နေသူတစ်ဦးလည်းဖြစ်ပါသည်။
E-mail:  winmaung.mangrove@gmail.com

Dr. Toh Aung, Ph.D.

ဂျပန်နိုင်ငံ Yokohama National University မှ ဒီရေတောများပြန်လည်ထူထောင်ရေးဆိုင်ရာနှင့်ပတ်သက်၍ အထူးပြုကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်။
E-mail:  tohaung02@gmail.com

Dr. Aung Myatsan, Ph.D.

ဂျာမနီနိုင်ငံ တက္ကသိုလ်မှ ဒီရေတောများ ပြန်လည်ထူထောင်ရေး ဆိုင်ရာ အထူးပြုကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်။
E-mail: aungmyatsan@worldview.foundation

Dr. Htay Aung, Ph.D.

ဟာဝိုင်အီ တက္ကသိုလ်မှ ဒီရေတောမြေဆီကာဗွန်နှင့် အပြာရောင် ကာဗွန်ပင်လယ်မြက်ခင်းများ ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူဖြစ်ပါသည်။
E-mail:  htayaungpathein@gmail.com

Dr. Kygo Motohiko

ဂျပန်လူမျိုးဒီရေတောဝါသနာအိုး၊ WIF ၏ အကြံပေး နှင့် WIF ပတ်ဝန်းကျင်ဆိုင်ရာ ဆုလက်ခံရရှိသူဖြစ်သည်။
E-mail:  kygomotohigo@worldview.foundation

အဝေးသင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆက်သွယ်ရေး ကျွမ်းကျင်သူများ

Sven Ake Bjorke

နော်ဝေနိုင်ငံ၊ Agder တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ (အငြိမ်းစား) ဖြစ်ပြီး အဝေးသင်သင်ကြားရေးဆိုင်ရာ နိုင်ငံတကာ အထူးကျွမ်းကျင်သူဖြစ်သည်။ သူသည် ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးစင်တာ (PULS) ( Pedagogical Development Center (PULS), Centre for Development Studies)တွင် တက်ကြွစွာ အလုပ်လုပ်နေပါသည်။ သူသည် ယခင်က UNEP/GRID-Arendal တွင် သတင်းအချက်အလက်မန်နေဂျာအဖြစ် နှစ်အတော်ကြာ လုပ်ကိုင်ခဲ့ပြီး ထိုနေရာ၌ သူ၏အလုပ်တစ်ခုမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအဖွဲ့ (IPCC) နှင့် UNEP တို့မှ အချက်အလက်များကို လူကြိုက်များအောင် လုပ်ဆောင်ရန်ဖြစ်သည်။ E-mail:  akebjoerke@gmail.com

Max Hansson

Karlstad တက္ကသိုလ်မှ ပါမောက္ခ၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝရေးရာဖြေရှင်းနည်းများဆိုင်ရာ အထူးပြုကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
E-mail:  max.hanssen@kau.se

Pongtada Suriya

ချင်းမိုင်တက္ကသိုလ်မှ သစ်တောဘွဲ့ရပြီး ထိုင်းနိုင်ငံရှိ WIF ၏ large Northern Hill Tribe Socio-economic Project စီမံကိန်းတွင်ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ သတင်းအချက်အလက်ဆက်သွယ်ရေးဆိုင်ရာ အထူးပြုကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ဒီရေတောအွန်လိုင်းတက္ကသိုလ်၏ ဂရက်ဖစ်ဒီဇိုင်း၊ ဝက်ဘ်ဒီဇိုင်းများကို ဦးစီးဦးဆောင်လုပ်ကိုင်သူလည်းဖြစ်ပါသည်။
E-mail:  pongtada@worldview.foundation