မကြာမီ! (အဆင့်မြင့်)

သင်တန်းအကြောင်း ဖော်ပြချက် :

အဆင့်မြင့်သင်တန်းသင်ခန်းစာများသည် အကြီးစားဒီရေတောများပြန်လည်ထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းစီမံကိန်းများကိုအကောင်အထည်ဖော်ရန်လိုအပ်သောလမ်းညွှန်ချက်များအားလုံးကိုပံ့ပိုးပေးမည်ဖြစ်ပါသည်။ အသိအမှတ်ပြုလက်မှတ်ထုတ် ပေးရေးအဖွဲ့အစည်းတစ်ခုမှ ကာဗွန်ခရစ်ဒစ် (Carbon Credits) များရရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့် နည်းစနစ်များကိုမျှဝေပေးမည်ဖြစ်ပါသည်။ ကမ်းရိုးတန်းဒေသပတ်ဝန်းကျင်နှင့်ယင်းတို့၏ ဇီဝမျိုးစုံမျိုးကွဲများ၊ သက်မွေးမှုလုပ်ငန်းစဉ်များကိုအကျိုးပြုသည့် လှုပ်ရှားမှုများကို WIF ၏ ဆယ်စုနှစ်တာစီမံကိန်းအကောင်အထည့်ဖော်မှုအပေါ်အခြေခံ၍ လမ်းညွှန်ပေးမည်ဖြစ်ပါသည်။

ဤသင်တန်းအတွက်ရည်ရွယ်ထားသူများ:

ဒီရေတောစိုက်ပျိုးခြင်း၊ ပြန်လည်ထူထောင်ခြင်း (သို့မဟုတ်) ဒီရေတောပြန်လည်ထူထောင်ခြင်းစီမံကိန်းတွင် ကျွမ်းကျင်သူများအဖြစ်ပါဝင်နေသူများကိုရည်ရွယ်ပါသည်။ သင်တန်းတက်ရောက်ပါဝင်သူများသည် carbon credit verification တွင် စီမံကိန်းရေးဆွဲသူများအဖြစ်ပါဝင်နိုင်ပါလိမ့်မည်။

သင်တန်းသင်ယူမှုအစိတ်အပိုင်းများ:

မော်ဂျူး ၉ ခု သင်ခန်းစာပေါင်း ၄၈ ခုပါဝင်မည်ဖြစ်ပါသည်။ ဖတ်ရှုရန်ဆောင်းပါးများ၊ ကြည့်ရန်ဗီဒီယိုများ၊ ရေးသားရန်အစီရင်ခံစာများ၊ အဖွဲ့လိုက်ဆွေးနွေမှုများ၊ ဉာဏ်စမ်းများပါဝင်ပါသည်။ သင်ယူသူများအနေဖြင့် ကိုယ်တိုင်သီးသန့်လေ့လာ နိုင်သော်လည်း အဖွဲ့လိုက်လေ့လာခြင်းက ပိုမိုထိရောက်ကြောင်း အကြံပြုလိုပါသည်။ အဖွဲ့လိုက်လေ့လာလိုသူများအနေဖြင့် သင်တန်းဆရာထံဆက်သွယ်နိုင်ပါသည်။

Advanced lesson 1 Advanced lesson 3 Advanced lesson 2