ကမ္ဘာပေါ်ရှိ ဒီရေတောများ လျင်မြန်စွာ ခုတ်ထွင် ဖျက်ဆီး ခံနေရသည်။

ဒီရေတောများသည် အခြားသောအပင်များနှင့်မတူ တမူထူးခြားစွာပင် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့များကို လျော့ပါးစေပါသည်။

ပင်လယ်နှင့်ကုန်းမြေကြားဆက်စပ်နေသော ဆားငန်ရေမြေနေနေရာတွင် ပေါက်ရောက်တတ်သော အပင်မျိုးဖြစ်သည်။

ဒီရေတောများ

  • တောင်ပေါ်တောများထက် ကာဗွန်ဒိုင်အောက်ဆိုင် ငါးဆပိုမိုစုပ်ယူနိုင်သည်။
  • တောင်ပေါ်တောများသည် မြေကြီးထဲတွင်အမြဲတမ်းကာဗွန်သိုလှောင်ထားနိုင်မှု ၂၀ ရာခိုင်နှုန်းသာရှိပြီး ဒီရေတောများမှာမူ ၈၀ ရာခိုင်နှုန်းရှိပါသည်။
  • ဆူနာမီ၊ ဆိုင်ကလုန်းနှင့် အခြားပြင်းထန်သောရာသီဥတုဒဏ်မှ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးသည်။
  • ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ကမ်းရိုးတန်းတိုက်စားမှု လျော့နည်းစေသည်။
  • ကြွေကျနေသော အရွက်များ၊ အကိုင်းအခက်များဖြင့် မြေနေရာချဲ့ထွင်တည်ဆောက်နိုင်စွမ်းရှိသည်။
  • သမုဒ္ဒရာများမှ လာသော အမှိုက်များကို ကာကွယ်သန့်ရှင်းပေးသည်။
  • ပင်လယ်ရေနေသတ္တဝါအရင်းအမြစ် ၅၀ ရာခိုင်နှုန်းတိုးမြှင့်စေပြီး စားနပ်ရိက္ခာဖူလုံမှုကို ပံ့ပိုးပေးသည်။
  • တန်ဖိုးရှိသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဂေဟစနစ်ဝန်ဆောင်မှုများကို ထုတ်လုပ်ပေးသည်။

အီကွေဒေါနိုင်ငံတွင် လူသိများသော ဒီရေတောကြီးတစ်ပင်သည် အမြင့် ၆၄ မီတာရှိပြီး သက်တမ်းမည်မျှရှိသည်ကိုပင်မသိရှိရချေ။

မြန်မာနိုင်ငံရှိ လန်ပိအဏ္ဏဝါကျွန်း သဘာဝဘေးမဲ့တောတွင် အကောင်းဆုံးထိန်းသိမ်းထားသော ဒီရေတောသည် မီတာ ၄၀ ကျော် မြင့်သည်။

ဒီရေတောမျိုးစိတ်ပေါင်း ၈၀ ဝန်းကျင်ရှိပြီး အချို့သည် လျင်မြန်စွာ ကြီးထွားတတ်ကာ ၉ နှစ်အတွင်း မီတာ ၂၀ အထိ ရောက်ရှိနိုင်သည်။
အခြားမျိုးစိတ်များမှာ ကြီးထွားမှုနှေးကွေးပြီး စိုက်ပျိုးရန်အတွက်လည်း အချိန်ပို၍လိုအပ်ပါသည်။

ဒီရေတောများအကြောင်းအစုံအလင်ကို အင်တာနက်တွင်ရှာဖွေမွှေနှောက်ပြီး ဆားငန်ရေတွင်ပေါက်ရောက်သောအဆိုပါအပင်များအကြောင်းကို ပိုမိုလေ့လာနိုင်ပါသည်။
မျိုးစိတ်တစ်ခုချင်းစီအတွက် သီးခြားရှင်သန်ကြီးထွားမှုပုံစံတစ်မျိုးစီရှိကြပြီး စိုက်ပျိုးရာပတ်ဝန်းကျင်အနေအထားမှန်ရန်လိုအပ်ပါသည်။ ယေဘုယျအားဖြင့် ဒီရေတောများသည် သမုဒ္ဒရာတို့မှ လတ်ဆတ်စွာစီးဆင်းလာသောဒီရေကိုတစ်နေ့လျှင်နှစ်ကြိမ်ထိတွေ့တတ်ကြသည်။ အချို့သောမျိုးစိတ်များသည် လိုအပ်ချက်အလိုက်အောက်ဆီဂျင်ကိုပို့ဆောင်ပေးရန် လေရှုမြစ်များဖန်တီးတတ်ကြသည်။ အံဩဖွယ်ပင်။ ဒီရေတောများအကြောင်းကို များများလေ့လာလေလေ၊ သဘာဝတရား၏ အံဩဖွယ်ကောင်းမှုကို ပိုလေးစားရလေလေပင်ဖြစ်ပါသည်။