အခြေခံ (သင်တန်းသားအသစ်များ)

ဒီရေတောအွန်လိုင်းတက္ကသိုလ်သည် ပညာသင်ဆုများ၊ စာကြည့်တိုက်များ၊ အဆင့်မြင့်သင်တန်းများ ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော တက္ကသိုလ်တစ်ခုမဟုတ်ပါ။ ကျွန်ုပ်တို့၏ ရည်မှန်းချက်များ တန်ဖိုးမြင့်သော လက်တွေ့ကျသော အခြေခံအသိပညာများကိုမျှဝေရန်ဖြစ်ပါသည်။

ဒီရေတောကိုချစ်ခင်နှစ်သက်သူတို့ကို ကျွန်ုပ်တို့ကကြိုဆိုနေပါသည်။ ထို့ကြောင့် ဒေသခံများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းမှ ဝန်ထမ်းများ၊ ပြည်တွင်းမှအုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့အစည်းများ၊ ပညာလိုလားသူများ အားလုံးအတွက်၊ စိတ်ပါဝင်စားသူအားလုံးအတွက် လမ်းဖွင့်ပေးထားပါသည်။

နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ ကမ်းရိုးတန်းဒေသသစ်တောများ၏ ဟက်တာသန်းပေါင်းများစွာပျက်စီး ဆုံးရှုံးနေမှုကိုဖြေရှင်းရန်အတွင်အရေးတကြီးလိုအပ်နေသည်မှာ သဘာဝနှင့်ပတ်သက်သောအခြေခံအသိ ပညာရပ်ပင်ဖြစ်ပါသည်။ ကမ်းရိုးတန်းသစ်တောများပျက်စီးမှုသည် လေထုထဲရှိ ဓာတ်ငွေ့ တန်ချိန် သန်းပေါင်းများစွာကို ညစ်ညမ်းစေကာ မိုးခေါင်ရေရှားမှု၊ ရေကြီးမှုနှင့် အခြားဘေးအန္တရာယ်များ ဖြစ်ပေါ် စေပြီး နှစ်စဉ် လူသန်းပေါင်းများစွာ သေဆုံးစေခဲ့ပါသည်။ သို့သော်လည်း သတင်းကောင်းမှာ သစ် တောများကို ပြန်လည်အသက်ဝင်အောင်ဖန်တီးနိုင်ခြင်းက ပျက်စီးမှုများကိုအသစ်ပြန်လည်ရှင်သန်နိုင် စေပါသည်။

ရပ်ရွာလူထုကိုစည်းရုံးခြင်းက ကျွန်ုပ်တို့၏ ပန်းတိုင်တစ်ရပ်ဖြစ်ပါသည်။ ပျက်စီးသွားသော၊ ဆုံးရှုံးသွား သော ဒီရေတောများကို ပြန်လည်အသက်ဝင်လာရန် အများသူငှာအားခွန်အားပေးခြင်းသည် ကျွန်ုပ်တို့၏ မျှော်မှန်းချက်တစ်ရပ်ဖြစ်ပါသည်။ ဘွဲ့ရ၊ ပညာတတ်ပေါင်းများစွာ၏ ပါဝင်ထားမှုသည် အသက်ရှင်နိုင် သောကမ္ဘာ၊ လေထုထဲ၌သက်ရှိများရှိသည့် တစ်ခုတည်းသောကမ္ဘာ တစ်ခုအတွက် “မျှော်လင့်ချက်” ကို ပေးစွမ်းနိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့၏ ရာသီဉတုပြောင်းလဲမှုအပေါ်အဖြေရှာခြင်းက ရိုးရှင်းပါသည်။ သင့် တင့်လျောက်ပတ်သောလုပ်ငန်းစဉ်ဖြင့် မည်သည့်နေရာမှမဆိုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ ၏ ဝန်ထမ်းများသည် နှစ်ပေါင်းများစွာသောလက်တွေ့၊ စာတွေ့ အသိပညာများ ဖြင့် လုပ်ငန်းလည်ပတ် နေသူများပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဆောင်ရွက်ထားသော အွန်လိုင်းပလက်ဖောင်းတွင် ပါဝင်တက် ရောက်ခြင်းအားဖြင့် ရာသီဉတုပြောင်းလဲခြင်းအပေါ်ထိရောက်စွာစွမ်းဆောင်နိုင်လာမည်ဟုမျှော်လင့်ပါ သည်။