နိဒါန်း. အခြေခံအဆင့်


ဤသင်တန်းကို ထိခိုက်လွယ်သော ကမ်းရိုးတန်းဒေသခံများအကျိုးအတွက် ဖန်တီးထားခြင်းဖြစ်ပါသည်။ ဒီရေတောများသည် ပင်လယ်ရေမြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ရန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပါသည်။ အဆိုပါ ဒီရေတောများသည် ဆိုင်ကလုန်းမုန်တိုင်းများနှင့် အခြားပြင်းထန်သော ရာသီဥတုဒဏ်မှလည်း အသက်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ပေးပါသည်။
ထို့အပြင်၊ ၎င်းသည် ကုန်းနေသစ်ပင်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ငါးဆအထိ လျှော့ချပေးသည်။ ထို့ကြောင့် ဒီရေတောများသည် ရပ်ရွာအကျိုးအတွက်ကာကွယ်ပေးမည့် စံပြ ဖြေရှင်းချက်တစ်ခုပင်ဖြစ်ပါသည်။ဤသင်ခန်းစာများကို လေ့လာခြင်းအားဖြင့် လူကြီးမင်း၏တန်ဖိုးရှိသော စီမံကိန်းများအကောင်အ ထည်ဖော်ရာတွင် အောင်အောင်မြင်မြင်စွမ်းဆောင်နိုင်အောင် အထောက်အပံ့ကောင်းများပေးစွမ်း နိုင်မည်ဖြစ်ပါသည်။
ဤသင်တန်းကိုလေ့လာသင့်သူများ
ဒီရေတောစိုက်ပျိုးခြင်းကိုစိတ်ဝင်စားပြီး ဒီရေတောစိုက်ပျိုးခြင်း၊ ပြန်လည်ထူထောင်ခြင်းများတွင် အတွေ့အကြုံလိုအပ်နေသူများအတွက် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ပြည်တွင်းရှိအစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ ကျောင်းဆရာ၊ သင်တန်းသူ၊ သင်တန်းသား၊ ပြည်တွင်း အဖွဲ့အစည်းများ နှင့် အခြားစိတ်ပါဝင်စားသူများအား လေ့လာနိုင်ပါရန်ဖိတ်ခေါ်အပ်ပါသည်။

သင်ယူမှုပုံစံ

သင်တန်းတွင် ရိုးရှင်းသောသင်ခန်းစာ ၄၆ ပါဝင်သော မော်ဂျုး ၉ ခု ပါဝင်သည်။ ဖတ်ရှုရန် ဆောင်းပါးများ၊ ကြည့်ရှုရန် ဗီဒီယိုများ၊ ရေးရန် မှတ်စုများ၊ ပါဝင်ရန် ဆွေးနွေးခန်းတစ်ခုနှင့် ဉာဏ်စမ်းမေးခွန်းများကို ဖြတ်ကျော်ရမည်ဖြစ်သည်။ သင်ယူသူများအနေဖြင့် လွတ်လပ်စွာ လေ့လာနိုင်သော်လည်း ဆွေးနွေးမှုများတွင် ပါဝင်ခြင်းဖြင့် ပိုမိုကောင်းမွန်သောရလာဒ်များ ရရှိနိုင်မည်ဖြစ်ပါသည်။
လူသစ်များအနေဖြင့် မှတ်ပုံတင်ရန်၊ ဝင်ရောက်မည် (Log in) ဆိုသောနေရာသို့သွားရောက်ကာ သင်တန်းတက်ရန်ကို နှိပ်၍ စတင်လေ့လာလိုက်ပါ။